ZG
"ေက်ာက္ဖရံု စိုက္ပ်ိဳးနည္း "
====================
ေက်းဇူးရွင္ေတာင္သူဦးၾကီးမ်ားအတြက္ ေက်ာက္ဖရံုစိုက္ပ်ိဳးျခင္းနည္းပညာမ်ားကို ပံမွဗဟုသုတအျဖစ္တင္ဆက္ေပးလိုက္ပါသည္။

ေက်ာက္ဖရံုသည္ အခ်ိဳမ်ိဳး အခါး မ်ိဳးဟူ၍ ရိွသည္။ အခါးမ်ိဳးသည္ အခ်ိဳမ်ိဳးထက္ေသးသည္။ အခ်ိဳမ်ိဳးမွ ထြန္း၍ ခါးေသာ အခါးမ်ိဳးလည္းရိွသည္။ ၄င္းကို မဆိုလို။ ဝက္ဖရံု တစ္မ်ိဳးလည္း ရိွေသးသည္။ ၄င္း အသီး အဆံျဖင့္ အဂၢိရတ္လုပ္ငန္းတြင္ေဆးဒါန္ဖမ္းႀကသည္။ အျမင့္ေပေပါင္း ၄၀၀၀ အထိျဖစ္ထြန္းၿပီး ျမန္မာႏိုင္ငံ အႏွံ႔အျပားတြက္ ေပါက္ေရာက္သည္။ စိုက္ပ်ိဳးပင္ျဖစ္သည္။မိုးဦးတြင္ ကဆုန္မွ ၀ါဆိုအတြင္း မိုးေႏွာင္း တြင္ ေတာ္သလင္း လမွ တန္ေဆာင္မုန္း အတြင္း အေစ့ကို တိုက္ရိုက္ ခ်စိုက္ ႏိုင္သည္။ က်င္းအနက္ တစ္ေတာင္ ၊ အက်ယ္ ၄ ေပ ပတ္လည္ တူး၍ ေျမေဆြး ၅၀ % ခန္႔ ေရာစပ္ၿပီး ဖရံုေစ့မ်ားကို အေစ့ျမွပ္ရံုမွ် စိုက္ရမည္။ စင္ေတာင့္ေတာင့္ ထိုးေပးရသည္။ မိုးနည္းေသာေဒသမ်ားတြင္ ေျမတြင္ လႊတ္၍ စိုက္ႏိုင္သည္။ ေျခာက္ေသြ႕ ေသာ ေဒသမ်ားတြင္ လိုအပ္သည့္ အစိုဓာတ္ရေအာင္ ေရေလာင္း ေပးရန္လိုသည္။စိုက္ပ်ိဳးၿပီး ရက္ေပါင္း ၆၀ မွ ၁၀၀ အတြင္း စတင္ အသီးသီး ၍ ဆြတ္ခူးႏိုင္သည္။ (အထူးသျဖင့္ ေက်ာက္ဖရံုသည္ အန႔ံအသက္မ်ားကို စုပ္ယူႏိုင္ေသာ သတၱိရွိသျဖင့္ အနံ႔အသက္ဆိုးသည့္ ေနရာမ်ားအနီး စိုက္ပ်ိဳးျခင္း ၊ ထားသိုျခင္း မျပဳရန္ လိုသည္။ )
အပင္
တစ္ႏွစ္ခံႏြယ္ပင္မ်ိဳးျဖစ္သည္။ အျဖဴေရာင္ သို႔မဟုတ္ သံေခ်းေရာင္ အေမြးကေလးမ်ားျဖင့္ ဖံုးလႊမ္းေနသည္။ ပင္စည္ ေတာင့္တင္း၍ ေထာင့္ပါသည္။ ႏြယ္ႏွာေမာင္း ၃ ခုျဖာသည္။
အရြက္
အရြက္သည္ ေတာက္ပေသာ အစိမ္းေရာင္ ျဖစ္သည္။ အေမြးမ်ားရွိ၍ ေအာက္မ်က္ႏွာျပင္ တြင္ ပို၍ အေမြးထူသည္။ ႏွလံုးပံုျဖစ္ၿပီး အ၀ိုက္ ၅-၇ ခုရွိသည္။ အ၀ိုက္မ်ားသည္ က်ယ္ျပန္႔၍ သံုးေျမွာင့္ပံုရွိသည္။
အပြင့္
အ၀ါေရာင္ျဖစ္သည္။ ႀကီး၍ ပြင့္ထီး ျဖစ္သည္။ လိင္စံုသည္။
အသီး
တိုင္လံုးပံုျဖစ္ၿပီး အစိမ္းေရာင္ႏွင့္ အျဖဴေရာင္ ေရာေန၏ ။ ႏုစဥ္ အခြံေပ်ာ့၍ ရင့္ေသာ္ ၾကြပ္ဆတ္ၿပီး မာသည္။ အခြံေပၚတြင္ အေမြးၾကမ္းေလးမ်ားရွိသည္။ အေစ့မ်ား ျပားၿပီး အျဖဴေရာင္ ရွိသည္ ။
ေက်ာက္ဖရံုတြင္ ၁-၂ ေပႏွင့္ အလံုးႀကီး၂ေပအထက္ အရွည္မ်ိဳးဟူ၍ရိွျပီး အလံုးလတ္မ်ိဳးမ်ားကို စီးပြါးျဖစ္ ေျမလြတ္တြင္ စိုက္ပ်ိဳးႀကသည္။ အလံုးႀကီးမ်ိဳးမ်ားကို အခ်ိဳ႕ ေဒသမ်ားတြင္စင္တင္စိုက္ႀကျပီး ဧရာဝတီ တိုင္းမွ
ပန္းတေနာ္ ဟသၤတ အလံုးႀကီးမ်ိဳးမ်ားသည္ ထင္ရွားသည္။ မ်ိဳးအားလံုး၏အျပင္ခြံ တြင္ ဖေရာင္း
ပါဝင္မွဳ မ်ား၍ အျဖဴေရာင္ပိုေတာက္သည္။
စိုက္ခ်ိန္အေနျဖင့္မိုးေႏွာင္းတြင္ ေျမလြတ္စိုက္ႀကျပီး စင္တင္စိုက္ပါက တစ္ႏွစ္ပါတ္လံုးစိုက္ပ်္ဳးနိုင္သည္။
အခ်ိဳ႕ေဒသမ်ားတြင္ သစ္ပင္ႀကီးမ်ားႏွင့္ တဲမ်ားေပၚတြင္ တင္ကာ ႏွစ္ပါတ္လည္ စိုက္ပ်ိဳးထားတတ္ျပီး အလံုးလတ္မ်ဳးမ်ားကို ယိုလုပ္ငန္းအတြက စီးပြါးျဖစ္ ေျမလြတ္၍ စိုက္ပ်ိဳးႀကသည္။ စိုက္ပ်ိဴးျခင္းအေနျဖငိ့ စင္တင္စနစ္ ေျမလြတ္စနစ္ကို ေဘာင္ဆြဲ၍ တိုက္ရိုက္အေစ့ခ် စိုက္ႀကသည္။
သဘာဝ ေျမႀကဇာ ႏွင့္ ႏြားေခ်း တီစူပါ ေျမႀသဇာ တို ့ကို ေရာ၍ စိုက္ေဘာင္ကိုဆြဲျပီး သမ ေအာင္ ေမႊ၍ ထည့္ေပး ရမည္။စင္တင္စနစ္တြင္ ၃ ေပ အက်ယ္ ၁ ေပ အျမင့္ေဘာင္ ဆြဲ၍ စိုက္ပါ။ စိုက္ေဘာင္ႀကီးေလ ပိုေကာင္း ေလျဖစ္ပါသည္။ ေျမလြတ္ စနစ္တြင္ ၂ ေပ အက်ယ္ ၁ ေပ အျမင့္ေဘာင္ဆြဲ၍ တစ္ပင္ႏွင့္တစ္ပင္၂ ေပႀကားႏွစ္တန္းစိုက္ျပီး တစ္ေဘာင္ႏွင့္တစ္ေဘာင္ ၁၅ -၂၀ ေပ အရွည္ဆြဲပါက တစ္ဧက လ်င္ အပင္၂၀၀၀ ခန္ ့ထည့္သြင္း၍ ရပါသည္။
ေျမႀသဇာ ထည့္သြင္းျခင္း အေနျဖင့္ ေက်ာက္ဖရံုတစ္ဧက လ်ွင္ သဘာဝေျမႀသဇာလွည္း ၁၀ -၂၀ စီး
ပုလဲ ၁၂ အိတ္ တီစူပါ ၂-၄ အိတ္ ပိုတတ္ရွ္ေျမႀသဇာ ၁-၂ အိတ္ ထည့္ေပးရမည္။ ေဒသ မ်ိဳး အားလံုးတို ့အား
စိုက္ျပီး ရက္ ၁၀၀ ေက်ာ္မွ စတင္ခူးဆြတ္နိုင္ပါသည္။ စိုက္ျပီး အရြက္ ၇ ရြက္ထြက္ခ်ိန္တြင္ ေခါင္ႏွိမ္ ေပးသင့္ပါသည္။
အပင္ျပဳစုျခင္းတိုက္ရိုက္ အေစ့ခ် စိုက္ျခင္း ျဖစ္၍ အပင္ ငယ္စဥ္တြင္ သတိထားျပီး ေပါင္းရွင္းေပးပါ။
အေစ့ ကို အေညွာက္ေဖါက္ျပီးမွ ခ်ပါ။ အပင္ငယ္စဥ္ တြင္ေရကို မျပတ္ ေလာင္းေပးရမည္။ အပင္ႀကီးထြားစဥ္
ေရငတ္ ဒဏ္ အေတာ္အသင့္ခံနိုင္ျပီး အသီး စတင္သီးခ်ိန္တြင္ လိုအပ္ပါက ေရသြြင္းေပးဖို ့လိုအပ္ပါသည္။
ပိုးမႊား ေရာဂါကို အျခား ဘူး ဖရံု မ်ိဳးရင္းဝင္အပင္မ်ား ထက္ပိုခံနိုင္ေသာ္လည္း ေရာဂါကင္းေလ အသီးထြက္
ပို၍ တာရွည္ေလ ျဖစ္သျဖင့္ အပင္ငယ္စဥ္တြင္ ပိုးမႊား မ်ားကို ဂရုစိုက္ျပီး မိွဳႏွင့္ အျခားေရာဂါမ်ားကို ႀကိဳတင္
ကာကြယ္ထားသင့္ပါသည္။
အေစ့ႏွင့္ ခူးယူျခင္းကို အေစ့ခ်ျပီး ရက္ေပါင္း ၁၀၀ ေက်ာ္ တြင္ စတင္ခူးယူစားသံုးနိုင္ပါသည္။ မ်ိဳးေစ့ ထုတ္ယူလိုပါက ပန္းပြင့္ျပီး ၆၅ ရက္ေက်ာ္မွ ခူးဆြတ္ သင့္ပါသည္။ေက်ာက္ဖရံုသည္ တာရွည္ အထားခံ
သျဖင့္ အလံုးလိုက္ အရိပ္တြင္ ႏွစ္ပါတ္လည္ ထားသင့္ပါသည္။ ေက်ာက္ဖရံုကို မ်ိဳးေစ့ အတြက္ အလံုး
လိုက္သဘာဝ အတိုင္း သိုေလွာင္ျခင္းျဖင့္ အပင္ေပါက္ ရာခိုင္ႏွဳန္း ပိုေကာင္းပါသည္။
သတိျပဳရန္ အေနျဖင့္ ေရမ်ားႀကိဳက္ေသာ္လည္းအျမစ္မပုပ္ေစရန္ ဂရုျပဳပါ။ေရေပး လြန္ပါက အရြက္အား
ေကာင္းျပီး အသီးအားယုတ္တတ္ပါသည္။ အရြက္ အရမ္းမ်ားလာပါကေခြ်ပစ္ပါ။ အသီးကို ခူးေသာအခါ အညွာ
တစ္လက္မခန္ ့ထားျပီး ေနရိပ္တြင္ထားပါ။မေျခာက္ခင္ တစ္လံုးႏွင့္တစ္လံုး မထိပါေစႏွင့္။
#PAN
UNI
"ကျောက်ဖရုံ စိုက်ပျိုးနည်း "
====================
ကျေးဇူးရှင်တောင်သူဦးကြီးများအတွက် ကျောက်ဖရုံစိုက်ပျိုးခြင်းနည်းပညာများကို ပံမှဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ပါသည်။
ကျောက်ဖရုံသည် အချိုမျိုး အခါး မျိုးဟူ၍ ရှိသည်။ အခါးမျိုးသည် အချိုမျိုးထက်သေးသည်။ အချိုမျိုးမှ ထွန်း၍ ခါးသော အခါးမျိုးလည်းရှိသည်။ ၄င်းကို မဆိုလို။ ဝက်ဖရုံ တစ်မျိုးလည်း ရှိသေးသည်။ ၄င်း အသီး အဆံဖြင့် အဂ္ဂိရတ်လုပ်ငန်းတွင်ဆေးဒါန်ဖမ်းကြသည်။ အမြင့်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံ အနှံ့အပြားတွက် ပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။မိုးဦးတွင် ကဆုန်မှ ဝါဆိုအတွင်း မိုးနှောင်း တွင် တော်သလင်း လမှ တန်ဆောင်မုန်း အတွင်း အစေ့ကို တိုက်ရိုက် ချစိုက် နိုင်သည်။ ကျင်းအနက် တစ်တောင် ၊ အကျယ် ၄ ပေ ပတ်လည် တူး၍ မြေဆွေး ၅၀ % ခန့် ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့် ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။ ခြောက်သွေ့ သော ဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်း ပေးရန်လိုသည်။စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း စတင် အသီးသီး ၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အန့ံအသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း ၊ ထားသိုခြင်း မပြုရန် လိုသည်။ )
အပင်
တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည် တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း ၃ ခုဖြာသည်။
အရွက်
အရွက်သည် တောက်ပသော အစိမ်းရောင် ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင် တွင် ပို၍ အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အ၀ိုက် ၅-၇ ခုရှိသည်။ အ၀ိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။
အပွင့်
အဝါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီး ဖြစ်သည်။ လိင်စုံသည်။
အသီး
တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင် ရောနေ၏ ။ နုစဉ် အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီး မာသည်။ အခွံပေါ်တွင် အမွေးကြမ်းလေးများရှိသည်။ အစေ့များ ပြားပြီး အဖြူရောင် ရှိသည် ။
ကျောက်ဖရုံတွင် ၁-၂ ပေနှင့် အလုံးကြီး၂ပေအထက် အရှည်မျိုးဟူ၍ရှိပြီး အလုံးလတ်မျိုးများကို စီးပွါးဖြစ် မြေလွတ်တွင် စိုက်ပျိုးကြသည်။ အလုံးကြီးမျိုးများကို အချို့ ဒေသများတွင်စင်တင်စိုက်ကြပြီး ဧရာဝတီ တိုင်းမှ
ပန်းတနော် ဟင်္သတ အလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံး၏အပြင်ခွံ တွင် ဖရောင်း
ပါဝင်မှု များ၍ အဖြူရောင်ပိုတောက်သည်။
စိုက်ချိန်အနေဖြင့်မိုးနှောင်းတွင် မြေလွတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပါတ်လုံးစိုက်ပျ်ုးနိုင်သည်။
အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင် တင်ကာ နှစ်ပါတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျုးများကို ယိုလုပ်ငန်းအတွက စီးပွါးဖြစ် မြေလွတ်၍ စိုက်ပျိုးကြသည်။ စိုက်ပျိူးခြင်းအနေဖြငိ့ စင်တင်စနစ် မြေလွတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။
သဘာဝ မြေကြဇာ နှင့် နွားချေး တီစူပါ မြေသြဇာ တို ့ကို ရော၍ စိုက်ဘောင်ကိုဆွဲပြီး သမ အောင် မွှေ၍ ထည့်ပေး ရမည်။စင်တင်စနစ်တွင် ၃ ပေ အကျယ် ၁ ပေ အမြင့်ဘောင် ဆွဲ၍ စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်း လေဖြစ်ပါသည်။ မြေလွတ် စနစ်တွင် ၂ ပေ အကျယ် ၁ ပေ အမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင်၂ ပေကြားနှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့်တစ်ဘောင် ၁၅ -၂၀ ပေ အရှည်ဆွဲပါက တစ်ဧက လျင် အပင်၂၀၀၀ ခန် ့ထည့်သွင်း၍ ရပါသည်။
မြေသြဇာ ထည့်သွင်းခြင်း အနေဖြင့် ကျောက်ဖရုံတစ်ဧက လျှင် သဘာဝမြေသြဇာလှည်း ၁၀ -၂၀ စီး
ပုလဲ ၁၂ အိတ် တီစူပါ ၂-၄ အိတ် ပိုတတ်ရှ်မြေသြဇာ ၁-၂ အိတ် ထည့်ပေးရမည်။ ဒေသ မျိုး အားလုံးတို ့အား
စိုက်ပြီး ရက် ၁၀၀ ကျော်မှ စတင်ခူးဆွတ်နိုင်ပါသည်။ စိုက်ပြီး အရွက် ၇ ရွက်ထွက်ချိန်တွင် ခေါင်နှိမ် ပေးသင့်ပါသည်။
အပင်ပြုစုခြင်းတိုက်ရိုက် အစေ့ချ စိုက်ခြင်း ဖြစ်၍ အပင် ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးပါ။
အစေ့ ကို အညှောက်ဖေါက်ပြီးမှ ချပါ။ အပင်ငယ်စဉ် တွင်ရေကို မပြတ် လောင်းပေးရမည်။ အပင်ကြီးထွားစဉ်
ရေငတ် ဒဏ် အတော်အသင့်ခံနိုင်ပြီး အသီး စတင်သီးချိန်တွင် လိုအပ်ပါက ရေသွွင်းပေးဖို ့လိုအပ်ပါသည်။
ပိုးမွှား ရောဂါကို အခြား ဘူး ဖရုံ မျိုးရင်းဝင်အပင်များ ထက်ပိုခံနိုင်သော်လည်း ရောဂါကင်းလေ အသီးထွက်
ပို၍ တာရှည်လေ ဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှား များကို ဂရုစိုက်ပြီး မှိုနှင့် အခြားရောဂါများကို ကြိုတင်
ကာကွယ်ထားသင့်ပါသည်။
အစေ့နှင့် ခူးယူခြင်းကို အစေ့ချပြီး ရက်ပေါင်း ၁၀၀ ကျော် တွင် စတင်ခူးယူစားသုံးနိုင်ပါသည်။ မျိုးစေ့ ထုတ်ယူလိုပါက ပန်းပွင့်ပြီး ၆၅ ရက်ကျော်မှ ခူးဆွတ် သင့်ပါသည်။ကျောက်ဖရုံသည် တာရှည် အထားခံ
သဖြင့် အလုံးလိုက် အရိပ်တွင် နှစ်ပါတ်လည် ထားသင့်ပါသည်။ ကျောက်ဖရုံကို မျိုးစေ့ အတွက် အလုံး
လိုက်သဘာဝ အတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက် ရာခိုင်နှုန်း ပိုကောင်းပါသည်။
သတိပြုရန် အနေဖြင့် ရေများကြိုက်သော်လည်းအမြစ်မပုပ်စေရန် ဂရုပြုပါ။ရေပေး လွန်ပါက အရွက်အား
ကောင်းပြီး အသီးအားယုတ်တတ်ပါသည်။ အရွက် အရမ်းများလာပါကချွေပစ်ပါ။ အသီးကို ခူးသောအခါ အညှာ
တစ်လက်မခန် ့ထားပြီး နေရိပ်တွင်ထားပါ။မခြောက်ခင် တစ်လုံးနှင့်တစ်လုံး မထိပါစေနှင့်။
#PAN