Saturday, April 29, 2017

ဘုရားကုန်းကလိုက်လာသည် (စ/ဆုံး)(ဖြစ်ရပ်မှန်)

ဘုရားကုန်းကလိုက်လာသည်
(စ/ဆုံး)(ဖြစ်ရပ်မှန်)

ရွာ………
ရွာဆိုသည်ကရွာဓလေ့  မြို့ဆိုလျှင်ကား
မြို့ ဓလေ့ရှိသကဲ့သို့   သူအရပ်နှင့်သူဇာက်
သည်နေသားကျသူများအဖို့  စည်းကမ်းရှိသော်
လည်း  တခါတရံလာရောက်တတ်သူအဖို့မူ
ပါးစပ်စည်းကမ်းလက်စည်းကမ်း  ခန္ဓာစည်းကမ်းရှိချင်မှ
ရှိပေလိမ့်မည်

ဒီအကြောင်းက………………
ခန္ဓာစည်းကမ်းဆိုတာကိုအသက်နဲ့သက်သေ
ပြခဲ့သောလူတယောက်ရဲ့ဖြစ်ရပ်မှန်
ဇာက်လမ်းတပုဒ်……………


"စိုးမိုး…………စိုးမိုး…………ထစမ်း
စိုးမိုး…းးးးးးးး……………………………"

အဘတို့ဆက်တိုက်ခေါ်နေတဲ့ကြားကပဲစိုးမိုး
ဇာက်ကျိုးကျသွားခဲ့တော့တာပေါ့

တကယ်တော့အဖြစ်ပျက်ကဒီလိုကွဲ့

စောနောင်နဲ့စိုးမိုးတို့က  တရွာတည်းသားတွေ
မဟုက်ကြ  စောနောင်က  ရွာခံဖြစ်ပြီး
စိုးမိုးကတော့   အထည်ကြီးပျက်တယောက်ပေါ့

စိုးမိုးတို့ကောင်းစားစဉ်တုန်းက  စိုးမိုးတို့ဆိုးမိုက်မှုဒဏ်ကိုအလူးလဲခံစားခဲ့ရတာ
(-----)ရွာလေးလည်းပါဝင်ပါတယ်

စိုးမိုးတို့အထည်ကြီးပျက်ပြီးဒီရွာလေးကို
ရောက်လာတော့လည်း  မည့်သူ့မျှ
အောနှလုံးနာလွန်း၍  အရေးမလုပ်ကြပါ

စောနောင်တို့မိသားစုနှင့်ပဲ……………
ဆွေမျိုးရင်းချာလို့ ဆက်ဆံမှုရှိကြပါတယ်

စိုးမိုးတို့မိသားစုနှင့်အနေနီးလေး   စိုးမိုးတို့မိသားစုအကြောင်းပိုသိလေပါပဲ

ကိုယ်ကြမ်းနှုတ်ကြမ်းသော်လည်း  စိတ်ရင်း
သဘောကောင်းမွန်လှသည်ကိုတော့
ကျွန်ုပ်စောနောင်တို့မိသားစုမှလွဲ၍  ကျန်ရွာခံများ  မသိကြပါ

ကျွန်ုပ်တို့ရွာသည်  မြေကြမ်းနတ်ကြီး
လှသောကြောင့် နှုတ်ကြမ်းကိုယ်ကြမ်းရှိလှ
သောစိုးမိုးအားကျွန်ုပ်မကြာခဏသတိပေးရ
သည်

စိုးမိုးတို့မိသားစုက  ကောင်းစားစဉ်က
ဘော့ကြောနေခဲ့ရ၍   အထည်ကြီးပျက်
သောအခါနဲ့  တမိသားစုလုံး
ဟုက်တိပတ်တိအလုပ်လုပ်တက်သူ
ဆို၍ တယောက်မျှမရှိကြချေ

ကျွန်ုပ်တို့ရွာလေးသည်  နတ်ကိုးကွယ်မှုနှင့်ခရစ်တော်ယုံကြည်မှု
များပြား၍  ဗုဒ္ဓဘာသာမှာ  ကျွန်ုပ်တို့အပါဝင် မိသားစု  အနည်းငယ်သာရှိကြပါတယ်

ခရစ်တော်ကိုးကွယ်မှုတွင်တော့စိုးမိုးတို့
မိသားစုလည်းပါပါတယ်

နတ်ဆိုတာအယုံကြည်မရှိ  အယူသည်းမှုဟု
သာဆို၏  ပရလောကသားဆိုတာလည်း
မရှိ   အစွဲကြီးလွန်းလှသည်ဟုဆိုပြန်သည်

ထိုမယုံကြည်မှုသည်တနေ့တော့ကျွန်ုပ်နှင့်
အတူ  မျှစ်ချိုးသွားရင်းမှ
ဆုံးမဒဏ်ခတ်ခဲ့ပါတော့တယ်

မနက်စောစောသွားမှသာမျှစ်များများရမည်မို့
စိုးမိုးကိုနှိုးရန်  ဝေလီဝေလင်းထကာ
သွားပြီးနောက် စိုးမိုးတို့အိမ်အရောက်၌

စော-"စိုးမိုးရေ………စိုးမိုး  ငါတို့သွားကြစို့
နောက်ကျနေပြီလေ  ကွေ့"

စိုး-"အေးဟေ့ လာပြီလာပြီ  ထမင်းကြမ်း
   လေး  လွေး(စား)နေလို့"

စော-"အေးဟေ့ ငါစောင့်နေမယ်  မြန်မြန်လုပ်"

ခတ္တစောင့်ပြီးနောက်  စိုးမိုးသည် ပလိုင်း
တလုံးကိုလွယ်လျက် ဆင်းလာလေ၏

စိုးမိုး-"ဘယ်ဘက်ကိုသွားမလဲ စောနောင်"

စောနောင်-"ဘုရားကုန်းဘက် သွားကြမယ်
             လေ အဲဘက်ကမျှစ်ပေါတယ်"

ဘုရားကုန်းသည်ကားစေတီပုထိုးပျက်များရှိသလိုနတ်ကြီးမြေကြမ်းသောကြောင့်
တော်ရုံ  မျှစ်နှုတ်သမားများလက်ရှောင်
ကြသောနေရာဖြစ်ပါတယ်

ထိုသို့သောနေရာမှလည်းမျှစ်များများရကား
ထိုရသောမျှစ်တို့ကိုရောင်းချခြင်းဖြင့်
ရက်အတော်ကြာစားသောက်စရိတ်လုံလောက်
မည်ဖြစ်ချေ၏

ရွာနှင့်မဝေးလှသောဘုရားကုန်းသို့  ခေတ္တမျှ
လျှောက်ရုံနှင့်ရောက်လာပါတော့တယ်

အုံဆိုင်းသောဝါးတောအကြားထဲမှာတော့
စေတီပုထိုးပျက်များက  ကွယ်ပျောက်လျက်
ရှိနေချေ၏

ကျွန်ုပ်ကလမ်းကြောင်းရှာနေခိုက်စိုးမိုးကတော့ ရောက်ရောက်ခြင်းဆောက်နှင့်ထွင်းဆိုသလို
ဝါးရုံပင်အောက်တွင်အပေါ့သွားသည်ကို
မြင်၍  ကျွန်ုပ်လှမ်း၍တားသော်လည်း
မမီတော့ပါချေ

လမ်းကြောင်းရှာနေရာမှစိုးမိုးဆီကိုသွား၍

စောနောင်-"နင်အဲဒါဘာလုပ်တာလည်း
             ဒီနေရာမြေကြမ်းနတ်ကြမ်းတာ
             နင်မသိဘူးလား"

စိုးမိုး-ဟား………ဟား………စောနောင်ရာ
      နင်တို့တွေတော်တော်အယူသည်းတာပဲ
      နတ်တို့ဘာတို့ဆိုတာမရှိပါဘူးဟာ
      ဟား……ဟား………ဟား

ကျွန်ုပ်ပြောသည်ကိုပင်ဂရုမစိုက်သည့်အလား
ဝါးရုံတောထဲဝင်ရန်လမ်းကြောင်း
ရှာသည့်နေရာသို့ ထွက်ခွာသွားလေတော့၏

ကျွန်ုပ်လည်းဒေါသကိုထိန်းလျက်မသိလိုနေမှာ
ပါဟုသောအတွေးဖြင့်သာအဆုံးသတ်လိုက်
ရပါတော့တယ်

အရင်တယောက်ထဲသွားနေတုန်းကလန်းဆန်းတက်ကြွနေသလောက်ယခုမူကား
စိတ်တွင်း၌လေးလံနေချေသည်

သို့သော်ဝမ်းစာရေးကရှိသည့်မို့ ကျန်တာကို
ဘေးဖယ်ထားရင်း  ဝါးရုံတောတွင်းသို့
ဝင်ခဲ့ပါတော့တယ်

စိုးမိုးကောကျွန်ုပ်ပါ  ပလိုင်းအမောက်မျှစ် ရချိန်၌ဝါးရုံတောတွင်းမှပြန်ထွက်လာခဲ့ကာ ရွာသို့ပြန်ခဲ့ကြပါတော့၏

ထိုသို့ရွာပြန်ရောက်သည့်အချိန်ထိ  မည့်သည့်
ပြဿနာမျှမရှိပါချေ

ပြဿနာအစကား  ညအချိန်ညဉ့်နက်တော့မှ
စခဲ့လေသည်
     
"အား………အမေရေ  ကယ်ပါ  ကယ်ကြပါဦး"

အိပ်ကောင်းနေအခိုက်နားထဲဝင်လာသော………အသံပြဲကြီးနှင့်အော်လိုက်သော  စိုးမိုးအသံ
ကြောင့်  ကျွန်ုပ်လည်း ဓာက်မီးယူကာ
စိုးမိုးတို့အိမ်ဘက်သို့  အပြေးတပိုင်းနှင့်
သွားပြီးစိုးမိုးအိမ်ရောက်ချိန်၌………

လူအများပြားချုပ်ထားသည့်ကြားမှအော်ဟစ်ရုန်းကန်နေသောစိုးမိုးကိုတွေ့ရလေသည်

"အား………ကယ်ကြပါ  အသက်ရှုကျပ်လို့
သေတော့မယ်  လုပ်ကြပါအုံး  ဇာက်ကိုချိုးနေလို့……………"

"အစ်………အစ်"

ဆူညံနေသောအသံများကြားထဲမှ  လည်ပင်း
အစ်နေသောအသံကလည်း  တချက်တချက်
ထွက်ပေါ်နေပြန်သည်

ကျွန်ုပ်လည်းထိုအခြင်းအရာကိုမြင်ပြီး
စိုးမိုးနားသို့သွားကာ………

"စိုးမိုးသူငယ်ချင်းဘာဖြစ်တာလည်း"
"စိုးမိုးဘာဖြစ်တာလည်းအဒေါ်တို့ဦးလေးတို့"

စိုးမိုးကိုမေးသော်လည်း  မျက်လုံးဖြင့်
တစုံတခုကိုညွှန်ပြလေသည်
သူညွှန်ပြသည်နေရာက  သူရင်ညွှန်အထက်ပိုင်း
သို့ဖြစ်သည် စကား  ကိုကားမပြောပါ

အော်ဟစ်၍နေချေသည်

သူ၏အိမ်သားများကိုမေးသော်လည်း  မည်သို့မျှ
ဖြေကြားခြင်းမပြုကြချေ

ကျွန်ုပ်  တစုံတခုကိုသတိရကာအိမ်သို့
ပြေးပြီး  ပရိတ်ရေ  သွားရောက်ယူပါတော့တယ်

ရွာသူ/သားများကတော့  စိုးမိုး  မူးပြီး
လျှောက်အော်တယ်ဟုထင်ကာလာ
ရောက်ခြင်းမပြုကြ  အော့နှလုံးနာ၍
ရွာကျင်ထားသဖြင့်   ပို၍သာဆိုးတော့သည်

ကျွန်ုပ်ပရိတ်ရေယူပြီးစိုးမိုးတို့အိမ်ရှေ့ရောက်ချိန်၌ မြင်နေရသည်က…………စိုးမိုးမှာ
မျက်လုံးပြူးနေချေပြီ………

မဖြစ်ချေဟုဆိုကာအိမ်အတွင်းသို့အပြေး
တစုံတယောက်ကဆောင့်တွန်းသကဲ့သို့……

အွတ်………ခွမ်း……

ရှေ့သို့  ဟပ်ထိုးမှောက်လဲသွားပါတော့တယ်

ကျွန်ုပ်လည်းလူးလဲပြန်ထပြီး  ပရိတ်ရေ
ပုလင်းကျရာကိုကြည့်လျုက်သော်

"ဟာ………"

ပရိတ်ရေပုလင်းမှာကွဲလျက်ရှိနေသည်ကို
တွေ့ရပေသည်မည်သို့မျှပြန်ယူဖို့ရာ
မဖြစ်နိုင်တော့………

ထိုပုလင်းကွဲကိုကျော်ခွပြီး  စိုးမိုးရှိရာသို့
သွားကာ     စိုးမိုးကို  ပွေ့ဖတ်မည်အပြု
ဇာက်ကျိုးကျသွားလေတော့သည်

စိုးမိုး၏နာမည်ကိုကျွန်ုပ်နှင့်သူ၏မိသားစု
ဝင်များခန္ဓာကိုလှုပ်ခတ်၍  ခေါ်သော်လည်း
ပြန်မထူးသလို  မလှုပ်ရှားတော့ပါချေ

သူ၏မိသားစုဝင်များမှာလည်းချုပ်ထားရုံမှ
လွဲ၍မည်သို့မျှမတတ်နိုင်ပါ

ထိုကြောင့်စိုးမိုးသေဆုံးသွားသည်ကိုဝမ်းနည်းငိုကြွေးကာလက်မှိုင်ချကြည့်နေရုံပင်
တတ်နိုင်ပါတော့တယ်

ကျွန်ုပ်လည်း……………
ညတွင်းချင်း  လူငယ်အဖွဲ့ကိုခေါ်ကာစိုးမိုး၏
နာရေးကိုပြင်ဆင်ပေးပြီးနောက်………

မပြန်တော့ပဲ   စိုးမိုးတို့အိမ်၏
တနေရာတွင်  ထိုင်ကာတွေးမိသည်ကတော့

"နတ်ကြမ်းမြေကြမ်းဆိုတာစမ်းသပ်၍မသင့်
မယုံ၍မရ  သူဒေသအထိုက်အလျောက်
နတ်ကြမ်းမြေကြမ်းတို့ရှိပါတယ်
မစူးစမ်းမဆင်ခြင်အပ်သောအမှားတခု
ကြောင့်  အသက်ပါပေးဆပ်သွားခဲ့ရသော
သူငယ်ချင်းစိုးမိုးရေကောင်းရာသုဂတိလားပါစေလို့  နင့်အတွက်ငါဆုတောင်းပေးလိုက်ပါတယ်"

"အဖြစ်ပျက်ကတော့ဒါပါပဲကွယ်
သူနေရာနဲ့သူအရပ်နေသားကျနေသူအဖို့
တော့  နတ်ကြမ်းမြေကြမ်းဆိုရင် ဆင်ခြင်
နေထိုင်ကြပေ့မယ့်   အရပ်တပါးကလာတဲ့
သူတွေကတော့  မဆင်ခြင်ကြဘူးပေါ့ကွယ်
သူတို့ဟာသူတိုသတိပေးတဲ့ကြားမဆင်ခြင်ပဲ
အမှားတခုကိုပေါ့ပေါ့တန်တန်လုပ်မိတာနဲ့
ဒဏ်ခတ်  ခံရတာကတော့အဘလက်တွေ့ပါပဲ"

ထိုအဖြစ်ပျက်ကိုပြောပြနေသည်က  ကိုယ်တိုင်
ကြုံတွေ့ခဲ့ရသော အဘစောနောင်ပင်ဖြစ်ပါတယ်

ကျွန်ုပ်လည်း  ပြန်ချိန်တန်ပြီးဖြစ်၍အသံသွင်း
ထားသောစက်လေးကိုပိတ်ကာအဘစောနောင်အား  နှုတ်ဆက်ပြီးပြန်ခဲ့ပါတော့တယ်

ဤအဖြစ်ပျက်ကို  အိမ်ပြန်ရင်းခေါင်းစဉ်ပေး
မိသည်ကတော့"ဘုရားကုန်းကလိုက်လာသည်"
ဟူ၍  ပေးလိုက်လိုက်ပါတော့သည်

~~~~~~~~ပြီးပါပြီ~~~~~~~

ကြိုးစားလျက်
ဒိုးအင်းသားလေး

0 comments:

Post a Comment